Thursday, January 25, 2018

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ


မြစ်ကြီးနား ဇန်နဝါရီ ၂၅
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက်(၉)နာရီခွဲ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် အရေးကြီးသည့် စီးပွားရေးကဏ္ဍကို တာဝန်ယူ ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့အလုပ်ကို ဂုဏ်ယူစွာ ဆောင်ရွက်တတ်စေရန်နှင့် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ငွေကြေးများကို ကိုင်တွယ် ဆောင်ရွက်ရသည့်အတွက် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ် အဆင့်တာဝန်ခံများသည် ခေါင်းဆောင်ကောင်း များအဖြစ် တာဝန်ယူဆောင်ရွက်စေရန် လိုအပ်ကြောင်းနှင့် ပြဿနာအခက် အခဲစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ခြင်းဖြင့် ရင့်ကျက်သည့်  ခေါင်းဆောင်များ ဖြစ်ရန်လိုကြောင်း၊ မိမိတို့၏ တန်ဖိုးကိုသိ၍ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်တတ်ကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment