Tuesday, January 16, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ချင်းတွင်း မြစ်ကူးတံတား (ခန္တီး) တည်ဆောက် ပြီးစီးမှု အခြေအနေများ ကြည့်ရှု စစ်ဆေး



ခန္တီး ဇန်န၀ါရီ ၁၆
စစ်ကိုင်း တိုင်းဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်၊ ဒုတိယ၀န်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်စိုးနှင့် ဗိုလ်ချုပ် သန်းထွဋ်တို့နှင့် အတူ ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်များဖြင့် နန်းယွန်းမြို့မှ ခန္တီးမြို့သို့ ရောက်ရှိကြသည်။




ဆက်လက်၍ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် ချင်းတွင်း မြစ်ကူးတံတား (ခန္တီး) သို့ရောက်ရှိပြီး တံတား တည်ဆောက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုရာ တံတား ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးထွန်းလင်း က တံတားဆိုင်ရာ အချက်အလက်များကို  ရှင်းလင်း တင်ပြသည်။
အဆိုပါ ချင်းတွင်း မြစ်ကူးတံတား (ခန္တီး) သည် ခန္တီး - ဆင်သေ - လဟယ်လမ်းပေါ်တွင် တည်ရှိကာ ပင်မတံတား အရှည်မှာ ၄၄၉ ဒသမ ၅ မီတာ ၊ တံတား အကျယ်မှာ ၈ ဒသမ ၅ မီတာနှင့် ပင်မတံတား၏ ဘေးတစ်ဖက်စီတွင် လူသွားလမ်း ၁ မီတာစီ ပါရှိပြီး တံတား တည်ဆောက် ပြီးစီးမှု ၉၂ ရာခိုင်နှုန်း ရှိကြောင်းနှင့် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ခန္တီးမြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment