Wednesday, January 31, 2018

သစ်တောသုတေသနဌာန စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စတင်ဆောင်ရွက်ရန်အတွက် ကနဦးအလုပ်ရုံဆွေးနွေးပွဲဖွင့်

နေပြည်တော် ဇန်နဝါရီ ၃၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) တို့ပူးပေါင်း၍ သစ်တောသုတေသနဌာန စွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စတင်ဆောင်ရွက်ရန်အတွက် ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းက   နေပြည်တော်ရှိ Hotel Royal ACE တွင် ကျင်းပရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော် တက်ရောက်အမှာစကား ပြောကြားသည်။

ကနဦး အလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းရလဒ်များ၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ သစ်တောသုတေသနဌာန စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ကနဦး အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ သစ်တော သုတေသနဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားအရာရှိကြီးများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် FAO မှ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment