Monday, January 22, 2018

ပန်းတင်လမ်းရေမြောင်း သန့်ရှင်းရေးဆောင်ရွက်

ကြို့ပင်ကောက် ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြု ရေမြောင်းသန့်ရှင်းရေး ဆောင်ရွက်သည့်လုပ်ငန်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ပန်းတင်ရပ်ကွက် ပန်းတင်လမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပန်းတင်လမ်းရေမြောင်းသည် ကြို့ပင်ကောက်မြို့နေပြည်သူများ အသုံးပြုသော သောက်သုံးရေကန်များ၊ တိုက်ကျောင်း ပါဠိတက္ကသိုလ် ဗောဓိကျောင်း ဝါဆိုရိပ်သာကျောင်းတိုက်တို့ရှိ သောက်သုံးရေကန်များ နွေရာသီ ရေရှားပါချိန်တွင် မြို့အရှေ့ဘက် ၁၂ နှစ်မိုင်အကွာ ဘော်ဘင်ဆည်မှ ရေကိုသွယ်ယူရာတွင် အဓိကကျသောမြောင်းဖြစ် သောကြောင့် ရေကောင်းရေသန့်များ သုံးစွဲနိုင်ရန်အတွက် စုပေါင်းသန်းရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းဆွေ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော် တို့ဦးဆောင်သော တပ်ဖွဲ့ဝင်အင်အား ၄၅ ဦးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments:

Post a Comment