Sunday, December 24, 2017

မောင်​​တောခရိုင်​အတွင်း UEHRD လူငယ်​များ တတိယအကြိမ်​ ကွင်းဆင်း​ထောက်​ပံ့

မောင်​​တော ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်​​နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်း လူငယ်များသည် ယနေ့နံနက်ပိုင်းတွင် မောင်​​တောမြို့နယ်​​မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ လူသားချင်းစာနာမှု အကူအညီဖြစ်သည့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးသည်

" ကျွန်​​တော်တို့  UEHRD  လူငယ်​​တွေအနေနဲ့ မောင်​​တောဒေသကို တတိယအသုတ်အဖြစ် လာရောက်​​ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ ကျွန်​​တော်တို့အဖွဲ့မှာဆိုရင် လူငယ်၂၃ ဦးပါဝင်ပါတယ်။ ဒါ့အပြင် ဒေသခံလူငယ် ၁၀ ဦးလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးက လူငယ်​​စေတနာ့ဝန်ထမ်တွေ ဖြစ်ကြပါတယ်။ ဒီနေ့သွားရောက် ထောက်ပံ့တဲ့ဒေသကတော့ မောင်​​တော မြောက်ပိုင်းက တမန်းသား အရှေ့ရွာ၊ တမန်းသားအနောက်ရွာ၊ သက်ရွာနဲ့ မင်္ဂလာညွန်ကျေးရွာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ပထမတစ်ရက်မှာ ထောက်ပံ့ပစ္စည်ပေးမယ်ကျေးရွာတွေမှာ ကျေးရွာတစ်ရွာချင်းစီအလိုက် မိသားစု အိမ်​​ထောင်စုစာရင်တွေ ကောက်ယူပါတယ် နောက်​​နေ့မှာတော့ပစ္စည်တွေကို ကားနဲ့သယ်လာပြီးကောက်ယူထားတဲ့ စာရင်းအတိုင်ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်" ဟု နေပြည်​​တော်မှ UEHRD လူငယ် ကိုရဲရင်အောင်ကပြောသည်
အဆိုပါထောက်ပံ့ပေးမှုတွင် Full Unit နှင့် Half Unit  ဟူ၍ နှစ်မျိုးသတ်မှတ်ထားကြောင်း၊ လူတစ်ဦးမှ သုံးဦးရှိသော အိမ်​​ထောင်စုကို Half Unit သတ်မှတ်ထားပြီး၊ Full Unit အတွက် ဆန်တစ်အိတ်နှင့် ၈ ပြည်၊ ဆီ ၄ ဘူး၊ ဆား ၅၀ သား တစ်ထုပ်၊ ပဲ ၂ ပိသာ၊ ကြက်သွန်တစ်ပိသာ၊ အာလူး ၆ ပိသာနှင့် ငါးသေတ္တာ ၁၃ ဘူး ထောက်ပံ့ပေးခြင်းဖြစ်​​ကြောင်း၊ Half Unit အတွက် Full Unit ၏ တစ်ဝက်​​ထောက်ပံ့ပေးခြင်းဖြစ်​​ကြောင်း၊ ယနေ့တွင် ကျေးရွာလေးရွာမှ အိမ်​​ထောင်စု ၁၇၀၊ လူဦးရေ ၉၀၀ ကျော်အတွက်​​ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်
"ဒီမှာရောင်းချတဲ့ ကုန်ပစ္စည်းကို ဝယ်စားရင်လည်း ကုန်​​ဈေးနှုန်းကကြီးပါတယ်။ ပြဿနာ မဖြစ်ခင်နဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်မှာ ကုန်​​ဈေးနှုန်းက တက်သွားပါတယ်။ ကျွန်​​တော်တို့မှာ အသီးအနှံဆိုလည်း စိုက်ဖို့ရာအချိန်မရ။ အခုလို မီးဖိုချောင်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း လာရောက်​​ထောက်ပံ့တဲ့အတွက် ဝမ်းလည်းသာပါတယ် ကျေးဇူးလည်းတင်ပါတယ်"ဟု တမန်းသားကျေးရွာမှ ဒေသခံဦးမင်ဆွေက ပြောသည်
အဆိုပါ လူငယ်များအနေဖြင်မောင်​​တော ဒေသတွင် ဇန်နဝါရီ ၄ ရက်အထိ နေထိုင်ပြီး ကျေးရွာများသို့ သွားရောက်ကာ ဆက်လက်ကွင်းဆင်ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်​​ကြောင်း၊ကျေးရွာများ၏ လိုအပ်ချက်များကို စာရင်ကောက်ယူပြီး လိုအပ်ချက်များကို ထောက်ပံ့ကူညီရေး အကောင်အထည်​​ဖော်သွားမည်ဖြစ်​​ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ပင်ဘူးသီးတောင်၌လည်း လူငယ်အဖွဲ့တစ်ဖွဲ့ဖြင့် လူသားချင်း စာနာမှုအကူအညီများပေးနိုင်ရန်​​ ဆောင်ရွက်​​နေကြောင်း သိရသည်
မြင်မောင်ဇေယျာ

ဓာတ်ပုံ နေဝင်းထွန်

No comments:

Post a Comment