မာန်အောင် ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်ရှိ
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုက အဖွင့်အမှာစကားပြောကြားပြီး မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ
အချက်အလက်များကို အသေးစိတ်ရှင်းလင်းတင်ပြကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းဒေသ ဖွံ့ဖြိုးရေး
လုပ်ငန်းများဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊
ပညာရေးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ပညာရေး၊
ပြည်နယ်စည်ပင်သာယာရေး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တို့မှ
တာဝန်ရှိသူများက လိုအပ်သည်များကို ရှင်းလင်းဖြေကြား ဆွေးနွေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မွန်းတည့် ၁၂ နာရီတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက်
အထက(သစ်ပုံရွာ) ကျောင်း၌ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ပညာရေးမှ တာဝန်ရှိသူများနှင့်
ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘများနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင်
မာန်အောင်မြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း
သစ်ပုံအုပ်စု ကြက်ရိုးကျေးရွာ ကျွန်းပတ်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၉/၄-၆ ကြားကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊
စမုံတဲလေယာဉ်ကွင်း တိုးချဲ့မြေနေရာ ဆောင်ရွက်မှုအားလည်းကောင်း၊ မာန်အောင်မြို့ပေါ်ရှိ
ရုံးတက်လမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရှိရသည်။
မာန်အောင်မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment