Tuesday, December 19, 2017

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ History Institute of China Tibetology Research Center မှ ပါမောက္ခချုပ် Mr. ZHANG Yun ဦးဆောင်သော China Tibetan ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ History Institute of China Tibetology Research Center မှ ပါမောက္ခချုပ် Mr. ZHANG Yun ဦးဆောင်သော China Tibetan ယဉ်ကျေးမှုဖလှယ်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment