Tuesday, December 19, 2017

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၈၆၁) တွဲ ထပ်မံရောင်းချနိုင်ခဲ့


နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း (၈၆၁)တွဲအား ရတနာကုန်သည်များထံ ထပ်မံ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်စိမ်းအတွဲ (၁၁၅၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ပေါင်း (၈၆၁) တွဲကို စုစုပေါင်းတန်ဖိုး ယူရိုငွေ ၃၈ ဒသမ ၂၂၆ သန်းခန့်ဖြင့် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ပြပွဲအဋ္ဌမနေ့သို့ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၂၉ ကျော်တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်း တန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်းအတွဲများအား စိတ်ကြိုက်ကြည့်ရှု လေ့လာဝယ်ယူကြသည်။
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပခဲ့သည်မှာ အဋ္ဌမမြောက်နေ့သို့ ရောက်ရှိပြီဖြစ်ပြီး ယနေ့အထိ ကျောက်မျက်အတွဲပေါင်း ၃၂ တွဲကို တန်ဖိုးငွေ ယူရိုသန်း ၀ ဒသမ ၇၆၇ သန်း ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၃၅၂၀) တွဲကို တန်ဖိုးငွေ ယူရိုသန်း ၂၀၃ ဒသမ ၅၄၉ သန်းဖြင့်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၄၆၀၁) မှ (၅၇၅၀) ထိလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၇၅၁) မှ (၆၆၈၅) ထိလည်းကောင်း ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment