Wednesday, December 27, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပိုလန်နိုင်ငံ သံအမတ်ကြီးနှင့် စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး တို့ သံအမတ် ခန့်အပ်လွှာများ ပေးအပ်


နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ မြန်မာ နိုင်ငံဆိုင်ရာ ပိုလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဗယ်လ်ဒယ်မာရ် ဒူဘန်နုရော့စကီး သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

အလားတူ နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စ ဗန်နက်ဆာ ချန် ယွမ် ရင် သည် ညနေ ၃ နာရီ ၅ မိနစ်တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment