Sunday, December 31, 2017

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အများပြည်သူများလာရောက် လေ့လာအပန်းဖြေနိုင်ရန် စီမံဆောင်ရွက်ထားရှိ

နေပြည်တော် ဒီဇင်ဘာ ၃၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့  ညနေပိုင်းတွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်ရှိခဲ့ရာ ဘေးမဲ့တော ပညာပေးပြခန်းအတွင်း လာရောက်အပန်းဖြေသူများ လေ့လာကြည့်ရှု့နိုင်ရန် ရေဝပ်ဒေသများနှင့် စပ်လျဉ်း၍ ပညာပေးပြသထားမှုများအား ဘေးမဲ့တောအုပ်ချုပ်ရေးမှူးမှ ရှင်းလင်းတင်ပြသည်။

ထို့နောက် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အများပြည်သူ လာရောက်အပန်းဖြေနိုင်ရန် ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဘေးမဲ့တောအတွင်းသို့ ဧည့်သည်ဝင်ရောက်မှုနှစ်စဉ် တိုးတက်လာသည် ကို လေ့လာတွေ့ရှိရကြောင်း၊ ဘေးမဲ့တောအတွင်း ငှက်ကြည့်လေ့လာသူများအပြင် လာရောက်အပန်းဖြေသူများ အတွက်ပါ ဆွဲဆောင်မှုရှိရန်လိုအပ်ကြောင်း၊ ဆောင်းခိုငှက်များနှင့် ဌာနေရေပျော်ငှက်များအတွက် ကောင်းမွန်သည့် ဂေဟစနစ်များ လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကြောင့် အဆိုပါဂေဟစနစ်များ ပျက်စီးယိုယွင်း သွားခြင်း မရှိစေရေး ဇုန်များခွဲခြား၍ စီမံအုပ်ချုပ်ခြင်းအား ဒေသခံပြည်သူများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဘေးမဲ့တောတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်ပျက်စီးစေမည့် ပြင်ပမှမျိုးစိတ်သစ်များ ဝင်ရောက် လာမှုနှင့် စပ်လျဉ်း၍ အထူးဂရုပြု ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း ဧည့်သည်များ တည်းခိုအပန်းဖြေခြင်းတာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိသော ရွှေပြည်အေးကုမ္ပဏီ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြသည်။           
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  အမှတ် (၁) သတ္တုတွင်းလုပ်ငန်းပိုင် သန်လျှင်ခဲမဖြူ သန့်စင် စက်ရုံသို့ ရောက်ရှိစစ်ဆေးခဲ့ရာ ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမအတွင်း စက်ရုံမှူးမှ ခဲမဖြူသန့်စင်ဆောင်ရွက် နိုင်မှုများနှင့် စက်ရုံမြေနေရာဝင်းအတွင်း မြေအသုံးချမှုများအား ဦးစွာရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ခဲမဖြူ သန့်စင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းများရရှိမှု၊ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံအကြီးစား ပြုပြင်ရန် လိုအပ်မှုများနှင့်စပ်လျည်း၍ ဆောင်ရွက်ရမည့်အချက်များအား ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် ခဲမဖြူသန့်စင်နေမှုများအားလည်းကောင်း၊ သန့်စင်ပြီး ခဲမဖြူများ သိုလှောင်ထားရှိမှုများအားလည်းကောင်း၊ စက်ရုံပိုင်မြေဧရိယာအတွင်း မြေအသုံးချမှုများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment