နေပြည်တော်
နိုဝင်ဘာ ၉
ပြည်သူ့လွှတ်တော်၊
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The
World Bank Group မှ Director Mr. Ranjit J. Lamech ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက်
၈ နာရီခွဲတွင် လည်းကောင်း၊ FIC Business & Financial Centers မှ E. Bing Aidoo
နှင့်အဖွဲ့အား မွန်းလွဲ ၁ နာရီတွင် လည်းကောင်း
လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ သီးခြားစီ တွေ့ဆုံသည်။
The
World Bank Group မှ Director Mr. Ranjit J. Lamech ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းဆောင်ရွက်နေမှုနှင့်
မဟာဓါတ်အားလိုင်းပြင်ပ ဝေးလံခေါင်သီသော ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး Solar
System အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
FIC
Business & Financial Centers မှ E. Bing Aidoo နှင့် အဖွဲ့နှင့် တွေ့ဆုံစဉ် FIC
ကုမ္ပဏီမှ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသည့် အစီအစဉ်များအား ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment