နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုလွှတ်တော်၊
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး
H.E Mr.Hong Liang အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ်
(I-11) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
တရုတ်သံအမတ်ကြီးက ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးရရှိရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်
လုံခြုံရေး တို့အတွက် တရုတ်နိုင်ငံက အပြုသဘောဖြင့် မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်ပေးလျှက်
ရှိနေပါကြောင်းဖြင့် ဆွေးနွေးခဲ့ပြီး၊ ကော်မရှင်ဥက္ကဋ္ဌက တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏
အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့အပေါ် ကောင်းစွာ အလေးထားသည်ကိုသိရှိပါကြောင်း၊
မြန်မာနိုင်ငံအပေါ် မျှတစွာ ရပ်တည် ဆောင်ရွက်နေမှုကို အသိအမှတ်ပြုပါကြောင်း၊ ထို့အပြင်
တရုတ်နိုင်ငံသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ပါဝင် ဆောင်ရွက်နေမှုများကိုလည်း
တန်ဖိုးထားပါကြောင်းဖြင့် ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့်
ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment