နေပြည်တော်
နိုဝင်ဘာ ၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမေရိကန် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး
Hon. Rex Tillerson အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊
ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ARSA အစွန်းရောက် အကြမ်းဖက် သမားများသည် မိမိတို့လုံခြုံရေး
တပ်စခန်းများကို တိုက်ခိုက်ရာတွင် အောင်မြင်မှု မရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက
ပြန်လည် တိုက်ခိုက်မည်ကို ကြောက်ရွံ့ သောကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့
ထွက်ပြေး ခြင်းဖြစ်ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် ၎င်းတို့၏ မိသားစုများကိုပါ
တစ်ပါတည်းခေါ်၍ ထွက်ခွာသွားခြင်း ဖြစ်သဖြင့် ယခုကဲ့သို့
လူဦးရေများပြားသွားခြင်းဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ ဆက်ဆံရေးသည် အခက်အခဲ တချို့
ရှိသော်လည်း ရင်းနှီးသည့် ဆက်ဆံမှုများရှိကြောင်း၊ ရခိုင်ပြည်နယ် အတွင်း သြဂုတ် ၂၅
ရက်က ARSA အဖွဲ့က လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ
အသက်ဆုံးရှုံးခဲ့ရမှုများ အပေါ်များစွာ ၀မ်းနည်းပါကြောင်းနှင့် အကြမ်းဖက် လုပ်ရပ်များကို
ရှုတ်ချပါကြောင်း။
မြန်မာနိုင်ငံ
အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ယခုထက်ပိုမိုအောင်မြင်သည့် နိုင်ငံတစ်နိုင်ငံ
ဖြစ်စေလိုသည့် ဦးတည်ချက် တစ်ခုသာရှိပြီး လက်ရှိ အနေအထားများကို သိရှိ လိုကြောင်း
မေးမြန်းဆွေးနွေးသည်။
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ဖြစ်စဉ်သည် ၂၀၁၆
ခုနှစ် အောက်တိုဘာ ၉ ရက်ဖြစ်စဉ်နှင့် ၂၀၁၂ ခုနှစ်ဖြစ်စဉ် တို့နှင့် ဆက်စပ်နေမှု၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့်
ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ မိမိတို့မှအင်အားသုံး တိုက်ခိုက်သဖြင့်
ထွက်ခွာသွားသည့် သဘော အဓိပ္ပါယ် သက်ရောက်သည့် စကားလုံးများဖြင့် အမေရိကန် အပါအ၀င်
အနောက် နိုင်ငံများက သုံးနှုန်း ပြောဆိုမှုများရှိမှုနှင့် အခြေအနေမှန်ကို သိရှိရန်လိုအပ်မှု
စသည်ဖြင့် အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာ မှ သိရှိစေရန်အတွက်
ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများအတွက်
အစိုးရမှ ပြန်လည် နေရာ ချထားနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍
ဧည့်သည်တော် ၀န်ကြီး၏ အကြံပြုချက်များကို အမြင်ချင်းဖလှယ်ပြီး အကြမ်းဖက်မှု
နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ
တပ်မတော်နှစ်ရပ်လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေး ကိစ္စရပ်များအား
ရင်းနှီးပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment