Monday, November 20, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး H.E. Mr. Timo Juhani Soini ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ - ဖင်လန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးဆက်အောင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu လည်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment