နေပြည်တော်၊
အောက်တိုဘာ ၅
ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်
၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူပြီး မယ်တော်မိနတ်သားနှင့်တကွ
နတ်ဗြဟ္မာ အပေါင်းတို့အား ၀ါတွင်း ၃ လတာ ကာလပတ်လုံး အဘိဓမ္မာတရားတော်များကို ဟောကြား
ခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးတော်မူသည်။
ထို့ကြောင့် သီတင်း ကျွတ်လပြည့်နေ့ ကို အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း သတ်မှတ်ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌
ဝါတွင်း ၃ လတာကာလပတ်လုံး အဘိဓမ္မာတရားတော်များကို ဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့တွင်
တာဝတိံတာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း
တို့ ဖြင့် ဆင်းတော်မူသည်။ မြို့သူမြို့သားများက ဆီမီးများထွန်းညှိပူဇော်ကြ၍ ဘုရားရှင်အား
ကြိုဆိုကြသည်။
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက်
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်ပွားများခြင်းကို နံနက်အရုဏ်တက်မှ စတင်ပြုလုပ်ကြရာ
နေပြည်တော် ၀န်ထမ်းအိမ်ရာများနှင့် နေပြည်တော်ကောင်စီနယ်မြေ
ရပ်ကွက်များရှိ စေတီတော်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ဘုရားဝတ်ပြုသံများ၊
ဓမ္မစကြာ၊ ပရိတ်တရား များနှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ပွားပူဇော်ကြပြီး ကုသိုလ်ပွားများမှုများကို
ဆောင်ရွက်ကြသည်။
ထို့သို့ကုသိုလ်ပွားများကြရာတွင် နေပြည်တော်ဥပ္ပတသိန္တိစေတော်မြတ်ကြီး၏
န၀မအကြိမ်သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားနှင့် (၉၄) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ
အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါစေတီတော်၌ကျင်းပရာ စေတီတော်ဂေါပကအဖွဲ့၏
သြ၀ါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် မဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တက၀ိသာရ ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ
ရွတ်ပွားတော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့ပြင် နေပြည်တော်ဥပ္ပါတသိန္တိ စေတော်မြတ်ကြီး၌
ညနေ ၄ နာရီခွဲတွင် ၀တ်ရွတ်ပူဇော်ပွဲကိုလည်းကောင်း ညနေ ၆ နာရီတွင် ဆီမီးထွန်းညှိပူဇော်ပွဲကိုလည်းကောင်း
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အလားတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ
ရန်အောင်မြင်ရွှေလက်လှ စေတီတော်၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယျစေတီတော်၊ ကရုဏာကမ္ဘာဘိုး
ဘွားရိပ်သာရှိ သံသရာငြိမ်းအေးစေတီတော်၊ ပျဉ်းမနားမြို့နယ်ရှိ ကိုးခန်းကြီးဘုရား၊ ပုဗ္ဗသီရိမြို့နယ်ရှိ
မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တသတ္တာဟ စေတီတော် မြတ်ကြီးတို့၌ ကုသိုလ်ယူကြသူများဖြင့်
စည်ကားလျှက်ရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment