တာချီလိတ် အောက်တိုဘာ ၎
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊
ဆန်ဆိုင်းဈေး အနီး၊ ရွှေပြည်သာ လမ်းရှိ နေအိမ်တစ်လုံးမှ အောက်တိုဘာ ၄ ရက်၊ ည ၉ နာရီခန့်က တရုတ်ရိုးရာ လမုန့်ပွဲတော် ကျင်းပနေစဉ်
မီးရှူးမီးပန်း ဖောက်ခဲ့ရာမှ မီးပွားလွင့်စင်မှုကြောင့် နေအိမ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ
ဈေးအနီး အားယုံ(ခ)အားရှဲန် ၏
နေအိမ်တွင် တရုတ်ရိုးရာ လမုန့် ပွဲတော်
ပြုလုပ်နေစဉ် နေအိမ်မှ လုပ်သား
တစ်ဦးဖြစ်သည့် အိုက်ကွမ်း(ခ)
ဆိုင်းကွမ်းက နေအိမ်ဘေးမြေကွက် လပ်တွင်
မီးရှုးမီးပန်း ပစ်ဖောက်ခဲ့ရာ မီးပွားများလွင့်စင်၍ နေအိမ်အပေါ်ထပ်တွင် ဖွင့်ထားသည့် ပြူတင်း တံခါးမှတဆင့် အခန်းတွင်းသို့
ကျရောက်သဖြင့် အိပ်ခန်းအတွင်းရှိ မွေ့ယာအား မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှု
ဖြစ်ပွားရာသို့ ခရိုင်ရဲတပ်မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးကြည်စိုး
နှင့် တပ်ဖွဲ့ဝင်များ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက် ဝိုင်းဝန်း ငြှိမ်းသတ်သဖြင့်
အခြားသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း
သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေအိမ်မှ မီးရှူးမီးပန်း ပစ်ဖောက်ဆော့ကစားသူ
အိုက်ကွမ်း(ခ) ဆိုင်းကွမ်းအား တာချီလိတ် မြို့မရဲစခန်းတွင်
အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment