အောက်တိုဘာ
၅၊ ၂၀၁၇
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့်
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်း တွင် ARSA အစွန်းရောက်
အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းနှင့် မိုင်းများရှိကြောင်း တာဝန်သိသူ
တစ်ဦး၏ သတင်းပေးပို့ချက်အရ သ၀န်ချောင်းကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် သွားရောက်ရှာဖွေခဲ့သည်။
၎င်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၊
မေယုတောင်ခြေ ချုံအတွင်းမှ ၁၂ ဗို့ ပြောင်းချော သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ အလျား(၈)လက်မ၊
အချင်း(၅) လက်မခန့်ရှိ လက်လုပ် ဆွဲမိုင်း (၂)လုံး၊ အလျား(၁၀)လက်မ၊ အချင်း(၂)လက်ခန့်ရှိ
Remote Control လက်လုပ်မိုင်း (၂)လုံး၊ အလျား(၉)လက်မ၊ အချင်း(၂) လက်မခန်ရှိ သံပိုက်
ဖြင့်ပြုလုပ်ထားသော လက်လုပ် လက်ပစ်ဗုံး (၃)လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ NF 11/63 mm
Cs Smoke Grenade စာတမ်းပါငွေရာင်မီးခိုးဗုံး(၁)လုံး၊ အလျား(၁၁)လက်မ၊ အချင်း(၁)လက်မခွဲခန့်ရှိ
မီးကျည်(၂) ချောင်း၊ အလျား (၆)လက်မခွဲ၊ အချင်း(၁) လက်မခန့် ရှိ မီးကျည်(၂)ချောင်း၊
လက်လုပ်မိုင်းခွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း သော့ချိတ်(၉)ခု၊ New Leader စာတမ်းပါ
ဓာတ်ခဲ(၂)လုံး၊ အလျား(၃)လက်မ၊ အနံ(၂)လက်မ၊ ထု(၁)လက်မရှိ ဝါယာကြိုးများဖြင့် သွယ်တန်းထားသော
ကြားခံပစ္စည်း(၁) ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခဲ့ သည်။
အောက်တိုဘာ ၄ ရက်နေ့ ၊ ညနေ ၃ နာရီမိနစ်၂၀
တွင် မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှ မသင်္ကာသူများ ရောက်ရှိနေကြောင်း တိုင်းတန်းချက်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့မကညင်တန်းအုပ်စုအတွင်း သွားရောက် ရှာဖွေခဲ့သည်။
၎င်းကျေးရွာအတွင်း ပိတ်ဆို့ရှာဖွေရာ မာမတ်အာယာစ်
၂၃ နှစ် (ဘ) မာမတ်အီလီယာစ်အား အရိုးအသွား (၁)ပေခွဲခန့် ရှိ စတီးဓား (၁)ချောင်းနှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား မောင်တောမြို့မစခန်း၌
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
Ref; Information Committee



No comments:
Post a Comment