Monday, September 11, 2017

စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ကျင်းပ



မတ္တရာ                    စက်တင်ဘာ         ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နံနက် ၉နာရီက သဖန်းကိုင်းကျေးရွာအုပ်စု သဖန်းကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မေသူမြင့်မှ ကျောင်းသား /သူလေးများအား စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက် အတွက် စာအုပ်များကို ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/သူလေးများအား ကလေးစာပေစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး စာအုပ်များကို ငှားရမ်းပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment