မတ္တရာ စက်တင်ဘာ ၁၁
ကလေးငယ်များ၏ ပုံတူပန်းချီဆွဲ အလေ့အကျင့်ဖြစ်လာပြီး ထူးချွန်သော ကျောင်းသား/သူများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲကို စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် (ရေနား) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများမှ ပုံတူအရုပ်များကို ရေးဆွဲ ယှဉ်ပြိုင်ကြသည်။ ထို့နောက် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်မေသူမြင့်မှ ပါဝင်ယှဉ်ပြိုင်သူများအား မုန့်နှင့် စာရေးကိရိယာလက်ဆောင်ပစ္စည်းများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြိုင်ပွဲများကို
ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ Community Centre တွင် တစ်ပတ်လျှင် နှစ်ကြိမ် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
No comments:
Post a Comment