Sunday, September 17, 2017

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ရန်ကုန်မြို့သို့ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်မည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် General Surapong Suwana-adth နှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြ သည်။

ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ကိုလေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူး Senior Apichart Choopavar ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန် ရှိသူတို့က မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်၍ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ရှိ ရွှေမော်ဓော ဘုရားနှင့် ရွှေသာလျောင်းဘုရားတို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ကမ္ဘောဇသာဒီနန်းတော်ကို သွားရောက် လေ့လာကြကာ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment