နေပြည်တော်
စက်တင်ဘာ ၁၇
ဒုတိယတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည်
ယနေ့ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန် အပြည်ပြည်
ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
သူရဦးသက်ဦးမောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး မြင့်သိန်း နှင့် ကိုရီးယား
တပ်မတော်မှ အမှတ်(၃)တပ်မ၊ ဒုတိယတပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် လီဂူဂျွန်း တို့က ကြိုဆို
နှုတ်ဆက်ကြသည်။
ထို့နောက်
‘ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့ ရောက်ရှိပြီး
စစ်သံရုံး မိသားစုများနှင့် သင်တန်းသား အရာရှိများအား လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်
အခြေအနေမှန်များကို ရှင်းလင်း ပြောကြားသည်။
ညပိုင်းတွင်
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် ခေတ္တတည်းခိုရာ Grand Hyatt Hotel ၌ ကိုရီးယားကြည်းတပ်
ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီး ဂျန်ဂျင်ဂူး က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့
တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment