Sunday, September 17, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ တစ်ဆင့် အမေရိကန်နိုင်ငံသို့ ဆက်လက်ထွက်ခွာ


ဆိုးလ် စက်တင်ဘာ ၁၇

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပမည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စက်တင် ဘာ ၁၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၇နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့အား  ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် သံရုံးမှ တာဝန်ရှိသူများက အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကိုရီးယား လေကြောင်းလိုင်းဖြင့် ဒေသစံ တော်ချိန် နံနက် ၁၀ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့  ဆက်လက် ထွက်ခွာသွားကြသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment