စက်တင်ဘာ
၂၂၊ ၂၀၁၇
မောင်တောမြို့နယ် နယ်မြေ ၄ ကြိမ်ချောင်းတောင်ရွာတွင်
ယခင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့် နေအိမ် အလုံး ၂၀ သည် စက်တင်ဘာ ၂၁ ရက်
ညနေပိုင်းက ထပ်မံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မည်သည့် အတွက် ကြောင့် မီးလောင်ကျွမ်းသည်ကို စုံစမ်းလျက်ရှိကြောင်းနှင့်
ကြိမ်ချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။
အလားတူ ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊
ကလာဘာရွာ၌ ယခင် မီးလောင် ပြင်ဟောင်း တွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊
ထရံကာ နေအိမ် ၁ လုံး မီးလောင်း ကျွမ်းခဲ့သဖြင့် တန်ဖိုးငွေ ကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း
နှင့် တရားခံ ဖမ်းဆီးရမိရေး မောင်တောမြို့မစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း
သိရသည်။
ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၀ မိချောင်းဈေးကျေးရွာ
ဗလီကြီး ခြံဝန်းအတွင်း၌ ယနေ့ (သောကြာနေ့) နံနက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန်
ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ဗလီခြံဝန်း အတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့်
လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သည်။
လက်လုပ်မိုင်းပေါက်ကွဲသည့် ဗလီခြံဝန်းအတွင်းသို့
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဗလီ၏ အရှေ့ဘက် ပေ ၃၀ ခန့်အကွာ အုန်းပင်
အခြေ၌ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် အကျယ် ၄ ပေ၊ အနက် ၂ ပေခန့်ရှိ မြေကျင်း ၁ ခု
တွေ့ရှိခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဗလီခြံဝန်းအတွင်း
ဆက်လက် ရှင်းလင်းခဲ့ရာ ပထမ ပေါက်ကွဲခဲ့သည့် လက်လုပ်မိုင်းနေရာနှင့် ၁၀ ပေခန့်အကွာတွင်
ဖိုကနောက်ဆိုင် ထောင်ထားသည့် အရှည် ၈ လက်မ၊ အချင်း ၆ လက်မခန့်ရှိ ကားပင်စတင်နှင့် ပြုလုပ်ထားသည့်
လက်လုပ်မိုင်း ၁ လုံးအား ထပ်မံ တွေ့ရှိ၍ သက်မဲ့ပြုလုပ်ခဲ့ပြီး ဆက်စပ် ပစ္စည်းများဖြစ်သည့်
ဓာတ်ခဲနှင့် တွဲလျက် ကတ် ၁ ခု၊ နှစ်ပင်လိမ် ဝါယာကြိုး အရှည်ပေ ၂၀ ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
Ref;Information Committee






No comments:
Post a Comment