Thursday, August 17, 2017

ဓာတ်ရောင်ခြည်ပေး နည်းပညာ အသုံးချ အသိပညာပေး ဆွေးနွေးပွဲကျင်းပ


နေပြည်တော် သြဂုတ် ၁၇

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ကျင်းပသော ဓာတ်ရောင်ခြည်ပေး နည်းပညာ အသုံးချ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပညာရေး ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် အဖွင့်အမှာ စကား ပြောကြားသည်။


ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဓာတ်ရောင်ခြည်ပေး နည်းပညာ အသုံးပြုမှုသည် ကမ္ဘာ့နိုင်ငံ အများ အပြားတွင် ကျယ်ပြန့်စွာ ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး အစားအစာ နှင့်စိုက်ပျိုးရေး ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများ၊ အဆင့်မြင့် ပစ္စည်းများ ကဏ္ဍတို့တွင် စီးပွားဖြစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများတွင်လည်း  ဓာတ်ရောင် ခြည်ပေး နည်းပညာများကို သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးမှုများမှ တဆင့် စီးပွားဖြစ် လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားဖြစ် လုပ်ငန်း ဆောင်ရွက်မှုများ၏ သတင်းအချက်အလက်၊ ဗဟုသုတနှင့် လုပ်ငန်း အတွေ့အကြုံများကို လက်ကမ်းမျှဝေ ဆွေးနွေးတင်ပြခြင်းဖြင့် နိုင်ငံအတွင်း ဓာတ်ရောင်ခြည်ပေး နည်းပညာများ ပိုမို အသုံးပြုနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆှေးနွေးပွဲတွင် ဓာတ်ရောင် ခြည်ပေးနည်းပညာ အသုံးချခြင်း ဆိုင်ရာတို့ကို ကျယ်ပြန့် ထိရောက်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပြီး ဆွေးနွေးပွဲသို့ ပြည်သူ လွှတ်တော်ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကိုယ်စား လှယ်များ၊ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အသင်းဝင်များ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ဒေသတွင်းနည်းပညာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment