Monday, August 7, 2017

ခင်ဦးမြို့ပေါ်ရှိ ဆေးဆိုင် (၇) ဆိုင်အား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး



ခင်ဦး ၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ်ရှိ ဆေးဆိုင် (၇) ဆိုင်အား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိကို မြို့နယ်အစားအစာနှင့် ဆေးဝါးကြီးကြပ်မှုကော်မတီက သြဂုတ်လ ၇ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဆေးဆိုင်များအား မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိ၊ နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆေးဆိုင်များကို စပ်ဆေးများ ရောင်းချခြင်း မရှိစေရေး၊ တိရစ္ဆာန်ဆေးဝါးများ၊ ပိုးသတ်ဆေးဝါးများနှင့်အတူ ရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ခင်ဦးစိုးဝေ)

No comments:

Post a Comment