Thursday, August 10, 2017

တိုင်းဒေသကြီး/ပြည်နယ်များရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ထံသို့ သာသနာရေးဆိုင်ရာကိစ္စရပ်များ သွားရောက် လျှောက်ထားမည့်အဖွဲ့များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၀
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ထံသို့ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ သွားရောက်လျှောက်ထားမည့် အဖွဲ့များအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ လမ်းညွှန်မှာကြားခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ(မြေညီထပ်)၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်များက သာသနာရေး ဆိုင်ရာကိစ္စရပ်များ သွားရောက်လျှောက်ထားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများက မိမိတို့ တာဝန်ကျရာ ဒေသများအလိုက် သာသနာရေးဆိုင်ရာကိစ္စရပ်များ သွားရောက်လျှောက်ထား ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်လမ်းညွှန် မှာကြားကြောင်း သတင်းရရှိသည်။   (သတင်းစဉ်)  

No comments:

Post a Comment