Wednesday, August 2, 2017

တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ပလောက်         သြဂုတ်  
မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ အမှတ်(၁)ရပ်ကွက်တွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ရီရီသိန်းနှင့် အဖွဲ့သည် တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို သြဂုတ်လ ၂ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်ရာတွင် အမှတ်(၁) ရပ်ကွက်အတွင်းရှိ တစ်နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယို ထိုးဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုစက်ချ ဆေးတိုက်ကျွေးခြင်း၊ ပြင်းထန်အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ပလောက်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပလောက်(ပြန်/ဆက်)

No comments:

Post a Comment