Wednesday, August 30, 2017

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော် သြဂုတ် ၃၀

ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 5th Thailand-Myanmar Hight Level Committee Meeting သို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် Khon Khan လေဆိပ်မှ ထွက်ခွာကြပြီး ဘန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Win 6 သို့ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။


မွန်းလွဲပိုင်းတွင် အစိုးရ အိမ်တော်ခန်းမ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Gen. Prayut Chan-o-Cha နှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ထိုင်းနိုင်ငံဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ များကို ယခုထက်ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားစီးပွားရေး ကဏ္ဍများ တွင်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု၊ တရားမ၀င် လက်နက် ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော ဆုံးရှုံးမှုများအတွက် များစွာ ၀မ်းနည်း ပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက် သမားများက အုပ်ချုပ်ရေး အဖွဲ့များနှင့် အပြစ်မဲ့ပြည်သူ များကို အကြောင်းမဲ့တိုက်ခိုက်ဖျက်မှုကြောင့် ယနေ့အထိ အဆိုပါဒေသတွင် တိုက်ခိုက် မှုဖြစ်စဉ် ၈၁ ခု ဖြစ်ပွားခဲ့ပြီး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ ၀န်ထမ်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်များသည် မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိခိုက်လာသဖြင့် ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် လာရောက်လုပ် ကိုင်နေသော မိမိတို့နိုင်ငံသားများကို တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေ လိုကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen.Prawit Wongsuwon အား ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမတွင် တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးပိုမို တိုးတက် ခိုင်မာစေရန် ကိစ္စရပ် များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် တပ်မတောက်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနှင့် ၀ါရင့်နိုင်ငံရေးပုဂ္ဂိုလ် Gen. Prem Tinsulanonda(Rtd) အား ၄င်း၏ နေအိမ်၌ သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းရေးနှင့် အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး ကြိုးပမ်း ဆောင်ရွက်နေမှု၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ဆောင်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ဒွန်မောင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Win 6 မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့က လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment