Wednesday, August 2, 2017

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် မိတ္ထီလာခရိုင် နှင့် ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးများ ကြည့်ရှု့စစ်ဆေး


မိတ္ထီလာ သြဂုတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးကို ကြည့်ရှု စစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်း စာငှားစာဖတ် ဆောင်ရွက်နိုင်မှု၊ စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များစနစ်တကျထားရှိမှု၊ ကလေး စာဖတ်ခန်းအတွင်း ကလေးငယ်များ ရေးဆွဲထားသည့် ပန်းချီလက်ရာများ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် ခေါင်းစဉ်အလိုက် ကလေးများ ပါဝင်ယှဉ်ပြိုင်ထားမှု၊ Community Center တွင် အသုံးပြုရန် အတွက် အသံပိုင်းဆိုင်ရာတပ်ဆင်ထားရှိမှု၊ အခမ်းအနားများ ပြုလုပ် နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ် ခန်းနှင့်ပြခန်းငယ် (Museum) အတွင်း ကြည့်ရှု၍ ပြခန်းငယ်တွင် ပြသထားရှိသည့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ယခုထက်ပိုမို ပြည့်စုံအောင် စုဆောင်းထားရှိရန် ပေ၊ ပုရပိုက် များနှင့်ပတ်သက်၍ ရေးသားသည့်ခုနှစ်၊ ရေးသား ပြုစုသူ၏အမည်နှင့် ရေးသားထားရှိသည့် အကြောင်းအရာကောက်နှုတ်ချက် အနှစ်ချုပ်ကို ပြုစုထားရှိရန် မှာကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment