Thursday, August 31, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောဒေသပြည်သူများအား တွေ့ဆုံအားပေး နှစ်သိမ့်၊ လိုအပ်သော စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့

သြဂုတ် ၃၁၊ ၂၀၁၇
ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ဘေးလွတ်ရာနေရာများသို့ ခေတ္တခိုလုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့သည် သြဂုတ် ၂၈ ရက်မှ သြဂုတ် ၃၁ရက်အထိ မောင်တောဒေသအတွင်း ခေတ္တခိုလုံရာနေရာများအား ပြည်သူများ သွားရောက် တွေ့ဆုံအားပေးနှစ်သိမ့်စကား ပြောကြားကာ လိုအပ်သော စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် အသုံးအဆောင်များကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။







မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဘေးဒုက္ခခံစားနေရသော ပြည်သူများနှင့် ဝန်ထမ်းများ၊ ဆေးရုံ တက်လူနာများ၊ သက်ကြီး ဘိုးဘွားနှင့် နို့တိုက်မိခင်များ၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအား ခေါက်ဆွဲခြောက် (၉၉၅)ဖာ၊ ဘီစကစ် (၅)ဖာ၊ ကြက်ဥ (၁၀၀) ကဒ်နှင့် အမျိုးသား၊ အမျိုးသမီးဝတ် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်သည်။ ထို့ပြင် ဆေးရုံတွင်တက်ရောက် ဆေးဝါးကုသနေသည့် လူနာ ၁၂ ဦးအတွက် ထောက်ပံ့ငွေ ၃၉၀၀၀၀ ကျပ်၊ သက်ကြီး ဘိုးဘွားနှင့် နို့တိုက်မိခင်အတွက် ထောက်ပံ့ငွေ ၅၁၀၀၀၀ ကျပ်၊ အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့သူ ၂ ဦးအတွက် ထောက်ပံ့ငွေ ၁၂၀၀၀၀ ကျပ်တို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့အပြင်မောင်တောမြို့နယ် နယ်စပ်ဒေသရှိ တိုင်းရင်းသားကျေးရွာ ၉၅ ရွာအတွင်းမှ အိမ်ထောင်စု ၄၅၅၃ စု၊ လူဦးရေ ၂၄၀၄၀ ဦးတို့အတွက် ရိက္ခာ ၂ လစာ ဆန် ၉၁၀၆ အိတ်၊ ဆီ ၁၈၂၁၂ ပိဿာ၊ ပဲ ၁၈၂၁၂ ပိဿာနှင့် ဆား ၃၆၄၂ဒသမ ၄ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

Credit , Information Committee

No comments:

Post a Comment