နေပြည်တော် ဩဂုတ် ၁၇
တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့်
ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာ
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
ဥရောပသမဂ္ဂအဖွဲ့ (EU) တို့ အကြားနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့မှု
အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာများနှင့်
တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု များအပေါ် ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment