Thursday, August 31, 2017

ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် ၃၁
မြန်မာနိုင်ငံ၏ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးစေရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို သြဂုတ် ၃၀ ရက် ကနေပြည်တော်၊ မယ်ဇလီကုန်းရွာရှိ မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်တွင် ပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ချိုမှ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်း၏ စာတွေ့သင်ခန်းစာများကို အမှတ်(၁)စက်မှု သင်တန်းကျောင်း (ဆင်တဲ) တွင် စက်တင်ဘာ ၄ ရက်မှ နိုဝင်ဘာ  ၅ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး လက်တွေ့သင်ခန်းစာများကိုရန်ကုန်၊ ကျိုက်လတ်၊ နေပြည်တော် မြို့များရှိ ဆန်စက်ကြီးများတွင်နိုဝင်လာ ၆ ရက်မှ ၃၀  ရက်အထိ သွားရောက် သင်ယူရမည် ဖြစ်ကြောင်း သိရှိရပါ သည်။ သင်တန်းကာလမှာ စုစုပေါင်း (၃)လ ခန့်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၃၈) ဦးကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment