Thursday, August 24, 2017

ပုဂံ- ညောင်ဦးလေဆိပ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်ရေးအတွက် Bangkok Airways မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ



နေပြည်တော်၊ သြဂုတ်၂၄

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့်
ဆီရမ်ရိ(ပ်) -ပုဂံ (two ancient capitals one destination) ဆောင်ရွက်ရန်အတွက် နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည့် ပုဂံ-ညောင်ဦး လေဆိပ်တွင် နိုင်ငံတကာ လေကြောင်း လိုင်းများ ဆင်းသက်နိုင်ရေး ဆက်စပ် ၀န်ကြီးဌာနများ၊ နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းလျက်ရှိရာ Bangkok Airways မှ Station Manager Mr. Sayan Thonjaroenpipat နှင့် အဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်အား ယနေ့နေ့လည်ပိုင်း တွင် ၀န်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပြီး ဆီရမ်ရိ(ပ်) - ပုဂံ တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment