Thursday, August 31, 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၁၈]

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပမီဒီယာ များပါဝင်သော သတင်းအဖွဲ့ မောင်တောဒေသအတွင်းလှည့်လည်သတင်းယူ
သြဂုတ် ၃၁၊ ၂၀၁၇
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းများရယူနိုင်ရန် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသက်ဆွေ ခေါင်းဆောင်သော ပြည်တွင်း၊ ပြည်ပ မီဒီယာများမှ အဖွဲ့ ဝင်၂၂ဦး ပါဝင်သော အဖွဲ့သည် သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်များဖြင့် သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိသတင်းယူကြသည်။









ပြည်တွင်း၊ ပြည်ပ မီဒီယာများ ပါဝင်သောအဖွဲ့သည် မွန်းလွဲ ၂နာရီခွဲတွင် မောင်တောမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ သည်။
ထို့နောက် ပြည်တွင်းပြည်ပ မီဒီယာများသည် မြို့မကညင်တန်းရှိ မီးလောင်နေအိမ်များသို့ သွားရောက်ပြီး ARSA အကြမ်း ဖက်သမားများ ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား သတင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး၍ သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ မြို့သူကြီးကျေးရွာနှင့် ဇူလကျေးရွာတို့၌ တိုင်းရင်းသားများ အသတ်ခံရသည့် ဖြစ်စဉ် နေရာများတွင် မှတ်တမ်းရယူခြင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မျက်မြင်တိုင်းရင်းသားများအား သိရှိလိုသည်များကို မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ညနေပိုင်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြသူများ ခေတ္တခိုလုံနေသည့် မောင်တော မြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိမ်းရှောင် တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူကြပြီး မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံ၍ မှတ်တမ်းရယူကြသည်။
Kyodo၊ TV Asahi၊ NipponTV ၊ Asahi ၊Shimbun ၊ Fuji TV၊ Nikkei Shimbun၊ VOA ၊ CAN၊ Reuter ၊ AFP၊ Frontier၊ News Watch၊ Eleven ၊MCN TV ၊Sky Netနှင့် Irrawaddyစသည့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများ ပါဝင်သော အဖွဲ့သည် ယနေ့ သြဂုတ် ၃၁ ရက်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် နေရာများသို့ ဆက်လက်သတင်းယူကြမည် ဖြစ်ကြောင်း သိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

Ref; Information Committee

No comments:

Post a Comment