Friday, July 7, 2017

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၆
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ ကူညီ ပံ့ပိုးပေးမှုများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့အား ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment