Wednesday, July 5, 2017

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် MATA (Myanmar Alliance for Transparency and Accountability Ayarwaddy ) အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၅
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် MATA (Myanmar Alliance for Transparency and Accountability Ayarwaddy) အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အောက်ထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ၂၀၁၃ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး၊ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တောင်သူလယ်သများ၏ တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်နေသော စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment