Wednesday, July 5, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် IPU ၏ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် မန်နေဂျာနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ ဇူလိုင် ၎
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် IPU ၏ နည်းပညာဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေး အစီအစဉ် မန်နေဂျာ Ms. Norah Babic နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ၊ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ IPU ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့နှင့်‌ ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment