Thursday, July 27, 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၂၇
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhim K. Udas အား ယနေ့ နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ဆေးဘက်ဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ အားကစားဆိုင်ရာ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့် အခြေအနေ၊ နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး ပိုမိုတိုးတက်လာနိုင်မှု အခြေအနေ များကို အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment