Wednesday, July 19, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ရောက်ရှိ

နယူးယောက် ဇူလိုင် ၁၉
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်မြို့၌ ကျင်းပမည့် ရေသယံဇာတနှင့် ဘေးအန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ကိုရီးယား လေကြောင်းလိုင်းဖြင့် ရောက်ရှိသည်။

ဒုတိယသမ္မတဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် ၀န်ထမ်းများက ဂျွန်အက်ဖ် ကနေဒီ (John F Kennedy) အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မြန်မာအဖွဲ့ရုံးသို့ရောက်ရှိပြီး မြန်မာအဖွဲ့ရုံးက တည်ခင်းဧည့်ခံသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်သည်။ ထို့နောက် ခေတ္တတည်းခိုမည့် The Lexington New York ဟိုတယ်သို့ ရောက်ရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment