Wednesday, July 19, 2017

အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူဒါနပြု အမျှပေးဝေခြင်းအခမ်းအနား ရန်ကုန်မြို့တော်ခန်းမ၌ကျင်းပ

ရန်ကုန် ဇူလိုင် ၁၉
၂၀၁၇ ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူဒါနအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန် မြို့တော်ခန်းမ၌ကျင်းပရာ
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီးများ၊ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနမှူးများ၊ ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးပါတီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရေဦးဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဥတ္တမဥာဏာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးဆရာတော် သံဃာတော်များ ချီးမြှင့်သည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေဦးဆရာတော်ထံမှ ရေစက်ချ တရားနာယူကြကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အမျှပေးဝေကြသည်။

(သတင်းစဉ်)

No comments:

Post a Comment