Saturday, July 22, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ပြန်လည်ထွက်ခွာ

ဆိုးလ် ဇူလိုင် ၂၂
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ (John F Kennedy) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ထွက်ခွာရာ ဇူလိုင် ၂၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၅၀ တွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် တာဝန်ရှိသူများက အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် စင်္ကာပူလေကြောင်းလိုင်းဖြင့် စင်္ကာပူမြို့သို့ထွက်ခွာပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment