Tuesday, July 11, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ၏၀ါရင့်ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ၀ါရင့်ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ကမ္ဘောဒီးယား  နှစ်နိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊  နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ၀ါရင့်ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Sok Chea လည်းတက်ရောက်သည်။

(သတင်းစဉ်)

No comments:

Post a Comment