Friday, July 21, 2017

ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ ကရိန္နရီအမျိုးသမီးအစည်းအရုံးမှ ကျား-မ တန်းတူဆက်ဆံရေး ဥပဒေအမြင်ဖွင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ရှားတော ဇူလိုင် ၂၁
ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ ကယားပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် IRC (International Rescue Committee) အဖွဲ့တို့ပူးပေါင်း၍ ကယားပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် အခြေခံလိုအပ်ချက်ရပိုင်ခွင့်များ အကာကွယ်ပေးခြင်းနှင့် ကျား-မ အမြင်ဆိုင်ရာ ထည့်သွင်းလုပ်ဆောင်ခြင်း သင်တန်း (Protection and Gender Mainstreaming Training) ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်သည် အခြားသော ပြည်နယ်နှင့်တိုင်းများကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု နည်းပါး ကြောင်း၊ အခြားသောပြည်နယ်နှင့် တိုင်းများတွင် ရေကြီးရေလျှံမှုစသည့် ဖြစ်စဉ်များကို သတင်းတွင် မကြာခဏကြားသိရကြောင်း၊ မိမိတို့ပြည်နယ်၊ မိမိတို့ဒေသတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့လျှင် ဘယ်လိုကာကွယ်ရမည်ကို သိရှိနားလည်စေရန်အတွက် သင်တန်းကိုစိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးပြီး သိရှိနားလည်သော အကြောင်းအရာများကို အခြားပြည်သူများသို့ ပြန်လည်မျှဝေ ပေးရန်လိုအပ်ကြောင်း စသဖြင့်ပြောကြားသွားသည်။
ဆက်လက်ပြီး ကယားပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်လေးရွှေစင်ဦးက ယင်းသင်တန်းသည် ရပ်ကွက်နှင့် ကျေးရွာရှိ ပြည်သူများကို ဦးတည်၍ ဖွင့်လှစ်သောသင်တန်းဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဘယ်လိုကာကွယ်ရမည်ကို သိရှိလိုခြင်းဖြစ်ကြောင်း စသဖြင့်ပြောကြားသွားသည်။
ထို့နောက် ကယားပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်လေးရွှေစင်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်တန်းကို ဆက်လက်ပို့ချသွားသည်။ ယင်းသင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် IRC အဖွဲ့တို့ ပို့ချဆွေးနွေးသွားမည်ဖြစ်ရာ ရပ်ကွက်(၄)နှင့် ကျေးရွာအုပ်စု(၃)စုရှိ ပြည်သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းအောင် (ရှားတောပြန်ဆက်)

No comments:

Post a Comment