Tuesday, July 25, 2017

ရေကြီးနစ်​မြုပ်​မှု​ကြောင့်​ တိုင်း​ဒေသကြီး အတွင်း၌​ ကျောင်းများယာယီပိတ်​ထားရ



ပုသိမ်​   ဇူလိုင်​   ၂၅
ဧရာဝတီတိုင်း​ဒေသကြီးအတွင်း၌ ဇူလိုင်​လလယ်​မှစ၍ မိုးသည်းထန်​စွာ ရွာသွန်းခြင်း၊ မြစ်​​ရေတိုးလာခြင်း တို့​ကြောင့်​ ရေကြီး​ ရေလျှံမှုများ ဖြစ်​​ပေါ်ကာ စာသင်​​ကျောင်းအချို့ ပိတ်​ထားရ​ကြောင်း သိရသည်​။

တိုင်း​ဒေသကြီးအတွင်း ​ကျောင်းကုန်း၊ ​ရေကြည်​၊ သာ​ပေါင်း၊ ဟင်္သာတ၊ ကြံခင်း၊ ဇလွန်​၊ မြန်​​အောင်​၊​ လေးမျက်​နှာ၊ အင်္ဂပူ၊
ညောင်​တုန်း၊ ဓနုဖြူ၊ ပန်းတ​နော်​မြို့များတွင်​​ ရေကြီ​ရေလျှံမှု​ကြောင့်​ ၂၄-၇-၂၀၁၇ ရက်​​နေ့အထိ အထက ၇-​ကျောင်း၊ အလက  ၄၅-​ကျောင်း၊ အမက   ၁၂၄-​ကျောင်​၊  စုစု​ပေါင်း ၁၇၆-​ကျောင်း ယာယီပိတ်​ထားရ​ကြောင်း တိုင်းပညာ​ရေးမှူးရုံးမှ သိရှိ
ရသည်​။
မောင်​​မောင်​မြင့်​  (iprd)

No comments:

Post a Comment