Monday, July 31, 2017

ကျောင်းကုန်းမြို့တွင်​ ဒါးကမြစ်​​ရေ ​လေးလက်​မ ကျဆင်း




 ကျောင်းကုန်း  ဇူလိုင် ၃၁


ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​တွင်​ ဇူလိုင်​လ ၃၁ ရက်​​နေ့ တိုင်းထွာချက်​အရ စိုးရိမ်​ရေအမှတ်​မှာ ၁၇ ​ပေ ၈ လက်​မ သို့ ပြန်​လည်​ ကျဆင်း​နေပြီ ဖြစ်​ကြောင်း သိရသည်​။


ဒါးကမြစ်​​ရေမြင့်​တက်​လာမှု​ကြောင့်​ စိုးရိမ်​​ရေအမှတ်​ ၁၇ ​ပေ အထက်​ ​ကျော်​လွန်​ကာ ၁၈ ​ပေသို့ ​ရောက်​ရှိ​နေရာမှ ဇူလိုင်​လ ၃၀ ရက်​နှင့်​ ၃၁ ရက်​တွင်​ ​လေးလက်​မကျဆင်းခဲ့ခြင်း ဖြစ်​​ကြောင်း မြို့နယ်​​ထွေ/အုပ်​ရုံးမှ သိရသည်​။
ရေနစ်​မြုပ်​၍ ​ခေတ္တပိတ်​ထား​ရ​သော စာသင်​​ကျောင်းများမှာ ၂၃ ​ကျောင်းရှိပြီး၊ ပြန်​လည်​ဖွင့်​လှစ်​နိုင်​ခြင်း မရှိ​သေး​ကြောင်း မြို့နယ်​ပညာ​ရေးမှူးရုံးမှ သိရသည်​။
ဝင်းကြိုင်​(ပြန်​/ဆက်​)

No comments:

Post a Comment