Friday, July 21, 2017

တနင်္သာရီမြို့အတွင်း ရေကြီးမှု မဖြစ်စေရေး ရေထိန်းတံခါး ခိုင်မာမှုရှိစေရန် စစ်ဆေးဆောင်ရွက်



တနင်္သာရီ  ဇူလိုင်  ၂ဝ
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ သာမာန်မြစ်ရေ၏(၁၅)ပေအထိ ရောက်ရှိနေပြီဖြစ်သဖြင့် မြို့တွင်းသို့ ရေဝင်မှုနှင့် ရေလွှမ်းမိုးမှု  မဖြစ်စေရေးအတွက် မြို့နယ် ရေထိန်းတံခါးနှင့် ရေတားတမံများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင်၊ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမင်းဝေ နှင့်အဖွဲ့ဝင်များက ဇူလိုင်၂ဝ ရက်နေ့  မွန်းလွှဲ ၃ နာရီ ၃၀ မိနစ် အချိန်က
ချောင်းကြီးရပ်ကွက်၊ မြို့အဝင်ကမ်းနားလမ်းရှိ ရေစုပ်စက်ရုံအတွင်းမှ ရေစုပ်စက်နှစ်လုံးနှင့် ရေပိုက်များဖြင့်  မြို့အတွင်းမှ မိုးရေများကို ရေထိန်းတံခါးအပြင်ဘက်သို့ စုပ်ထုတ်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရှိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရေထိန်းတံခါးမှ တစ်ဆင့် မြို့အတွင်းသို့ မြစ်ရေမဝင်ရောက်နိုင်ရေး၊ ရေထိန်းတံခါး ခိုင်မာမှု ရှိစေရေး၊ ရေစု စက်ချွတ်ယွင်းမှု မရှိစေရေး၊ စက်သုံးဆီ အလုံအလောက်ကြိုတင်ထားရှိရေး၊ ကော်မတီအဖွဲ့ဝင်များမှ မြစ်ရေတက်မှု အခြေအနေကို အချိန်နှင့်တပြေးညီ ကြိုတင်ဆောင်ရွက်ကြရန် လမ်းညွှန် အမှာစကားပြောကြား၍ ကော်မတီအဖွဲ့ဝင်များ ပြန်လည်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့တွင်းရပ်ကွက်များမှ အနိမ့်ပိုင်းနေရာများ၌ ရေဝင်ရောက်နိုင်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

No comments:

Post a Comment