Tuesday, July 18, 2017

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြော


မယ်စဲ့ ဇူလိုင် ၁၈
ကယားပြည်နယ်မယ်စဲ့မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ၊ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာ ရရှိစေရေး ရည်ရွယ်ကာ မယ်စဲ့မြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအဆင့်(၁) ဒေါ်သက်သက်ထွေး၊ ကျန်းမာရေးကြီးကြပ်(၁)ဒေါ်အေးသီတာငြိမ်း၊ မယ်ဆည်နမ်ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူးဦးကျော်ခိုင်တို့ ခေါင်းဆောင်သော အဖွဲ့သည် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို


ဇူလိုင်၁၈ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ပြန်/ဆက်ဦးစီးဌာန Community Centre ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ပြည်သူများကျန်းမာရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ရုံသာမက ကျန်းမာရေးအမူအကျင့်များကို လက်တွေ့လိုက်နာကျင့်သုံးခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံး၏ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရမှု ကြောင့် ဖြစ်ပွားတတ်သော ရောဂါဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများအကြောင်း၊ ကျောင်းများတွင်ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ကုသပုံအဆင့်ဆင့်နည်းလမ်းများအကြောင်း၊ ကူးစက်ရောဂါများအကြောင်း၊ ကျန်းမာရေးသည် လူမှုစီးပွားဘဝနှင့် တိုက်ရိုက်အချိုးကျ၍ ကျန်းမာရေးသည် အရေးကြီးကြောင်း၊ အသိပညာပေးဟောပြောပြီး ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment