Tuesday, July 18, 2017

မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်



မင်းဘူး          ဇူလိုင်         ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ နေထိုင်သည့် ရေဘေးသင့် အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စု(၅၈၃)စုရှိ  လူဦးရေ (၂၁၅၉)ဦးအတွက် ဆန်(၇) ရက်စာဖိုး လူတစ်ဦးလျင် ၂၁၀၀ိ/- နှုန်းဖြင့် ငွေကျပ် (၄၅၃၃၉၀၀ိ/-)အား ဇူလိုင်လ (၁၈)ရက်နေ့ နံနက်(၇)နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ရေဘေးသင့် ကူညီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မင်းဘူးမြို့အမှတ်(၁)/(၃)ရပ်ကွက်၊ မန်းကျိုး ၊ထုံးမကြီး၊ ရွာသစ်ကုန်း၊ ဆည်ရွာ၊ ဖလံရုံ၊ ၊ငွေသောင် နိဗ္ဗာန်ကျွန်းနှင့် တပင်ကျေးရွာ တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စုများနှင့် တိရစ္ဆာန်များကို ကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဖိုးပြည့်

No comments:

Post a Comment