Thursday, July 6, 2017

တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍအား လေ့လာသုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြောက်ဦး     ဇူလိုင်        
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ဇူလိုင် (၆)ရက် နံနက် (၁၀) နာရီက တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍနှင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူသူများ၏ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများကို လေ့လာသုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် (Fao  Lift )တို့နှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ကျော်မှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါက်တာ ထွန်းမင်းမှ  တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိကျစွာ ဆောင်ရွက်နိုင်ရန် မှတ်တမ်းများထားရှိပုံများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြေပုံမြို့နယ် ဦးစီးမှူး ဒေါက်တာ နန်းဝင်းစိုး မှ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး မြေပုံမြို့နယ်မှ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိသော (CAHW) ကျေးလက်တိရစ္ဆာန် ကျန်းမာရေး လုပ်သား (၁၀) ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment