Wednesday, July 5, 2017

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန(၈)ခု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့(၂)ခုတို့ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၂၁/၂၀၁၇) ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၅  
ပြည်သူ့လွှတ်တော်၊ အစိုးရအာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန(၈)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့(၂)ခုတို့ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၂၁/၂၀၁၇)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) ၌ လက်ခံကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ အတွင်းရေးမှူး ဦးဇုံးတိန့်နှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန (၈) ခုတို့မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးအဖွဲ့ (၂) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်မှ အဖွင့်အမှာစကား ပြောကြားကာ (၃-၇-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် ကျန်ရှိနေသည့် ဆွေးနွေးချက်များအား ယနေ့အစည်းအဝေးတွင် ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာန (၈) ခုတို့မှ ကျင်းပပြုလုပ်ပြီးခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးများအတွင်း ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့အဆိုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးအရအဖွဲ့ (၂) ခုတို့မှ ဆက်လက်ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment